
Stepping Corner Mentoring Platform သည် မြန်မာနိုင်ငံသားများ၏ ပညာရေးလမ်းကြောင်း၊ အလုပ်အကိုင်လမ်းကြောင်း သို့မဟုတ် ဘဝခရီးလမ်း ရှေ့ဆက်လျောက်ရန် လမ်းပျောက်ဆုံးနေသူများကို ကူညီပံ့ပိုးရန်အတွက် ကမ္ဘာတစ်ဝန်းတွင်ရောက်ရှိနေကြသော နယ်ပယ်ရပ်အသီးသီးတွင် ကျွမ်းကျင်သည့် မြန်မာ Mentor များဖြင့် ချိတ်ဆက်ပေးသည့် Platform တစ်ခုဖြစ်ပါသည်။
တစ်ဦးချင်းလမ်းညွှန်ပြသမှု၊ လက်တွေ့ကျသော အကြံဉာဏ်များ၊ စိတ်ခွန်အားထောက်ပံ့မှု များဖြင့် လူငယ်များ၏ တက်လမ်းများနှင့် လမ်းကြောင်းအသစ်များကို တိုးတက်ပေါ်ပေါက်လာစေရန်အတွက် မြန်မာ့ယဉ်ကျေးမှု လူ့အဖွဲ့အစည်း/ အတွေးအခေါ် အတွေ့အကြုံ နှင့် လိုက်လျောညီထွေရှိစွာ Mentorship လုပ်ငန်းစဉ်မှ တစ်ဆင့် လူတိုင်းရဲ့ ဘဝကို ပြောင်းလဲတည်ဆောက်ကာ တောက်ပသော အနာဂတ်များကို လမ်းပြဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
ဤ Platform မှတစ်ဆင့် လူတိုင်းသည် မိမိဘဝလမ်းခရီးကို လျောက်လမ်းရာတွင် အထီးကျန်စွာ ဖြတ်သန်းရန် လိုအပ်တော့မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် Mentorship ၏ စွမ်းအားဖြင့် ပိုမိုကောင်းမွန်သော ဘဝများအဖြစ် ပြောင်းလဲကာ တောက်ပသော အနာဂတ်ကို သယ်ဆောင်လာနိုင်မည်ဟု ယုံကြည်ပါသည်။
Mentorship ဟု ဆိုသည်မှာ အတွေ့အကြုံ ရှိသူတစ်ဦး (mentor) မှ အတွေ့အကြုံ နည်းပါးသူတစ်ဦး (mentee) ကို လမ်းညွှန်ခြင်း၊ အထောက်အကူ ပြုခြင်းနှင့် အားပေးခြင်းတို့ကို ပေးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး ဆက်ဆံမှုတစ်ရပ် ဖြစ်သည်။ အဆိုပါ ဆက်ဆံမှုသည် ပုဂ္ဂိုလ်ရေး တိုးတက်မှု၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှုနှင့် ပရော်ဖက်ရှင်နယ် လမ်းညွှန်မှုအပေါ် အဓိက အခြေခံထားသည်။
Mentorship အကောင်အထည်ဖော်မှုမှတဆင့် လူငယ်များသည် အခက်အခဲများကို ကျော်လွှားနိုင်ရန် လိုအပ်သည့် ဗဟုသုတများနှင့် အကြံဉာဏ်များ ကို ရယူနိုင်ပြီး ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သလို၊ မိမိတို့၏ အခြေအနေများကို ပြောင်းလဲစေနိုင်ပါသည်။
Stepping Corner Platform သည် မြန်မာလူငယ်များအား လမ်းကြောင်းအသီးသီးတွင် အောင်မြင်မှု ရရှိရန် လမ်းပြပံ့ပိုးရန် ရည်ရွယ်သည့် Mentorship Program ဖြစ်ပါသည်။
Mentor များသည် လုပ်ငန်းခွင်တွင် ဖြစ်ပေါ်နေသည့် Trend များ ၊ အလုပ်ဈေးကွက် အလားအလာများနှင့် အလုပ်အကိုင် စီမံချက်များအကြောင်း သိမြင်နိုင်စေရန် ရှင်းလင်းချက်များ ပေးကာ လူငယ်များကို မိမိတို့ အနာဂတ်အတွက် တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးသည်။
Mentor များသည် မိမိတို့၏ အသိပညာနှင့် အရင်းအမြစ်များကို မျှဝေခြင်းအားဖြင့် လူငယ်များ၏ နေ့စဉ်လူမှုဘဝ နှင့် ပရော်ဖက်ရှင်နယ်ဘဝတွင် မဖြစ်မနေလိုအပ်သည့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီပေးသည်။
Mentor များသည် လူငယ်များကို မိမိတို့၏ ဆက်ဆံရေး ကွန်ယက်များနှင့် မိတ်ဆက်ပေးခြင်းအားဖြင့် လမ်းသစ်များကို ဖွင့်နိုင်စေရန် တန်ဖိုးရှိသော ဆက်သွယ်မှုများ ပေးဆောင်ပါသည်။
Mentor များသည် လူငယ်များကို စိတ်ခွန်အားပေးခြင်းနှင့် လုပ်ဆောင်မှုစွမ်းရည်တိုးတက်အောင် မိမိကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ခြင်းဖြင့် ကူညီပေးပါသည်။
Mentor တစ်ဦးသည် လူငယ်တစ်ဦး၏ ရည်မှန်းချက်များကို ရောက်ရှိအောင် ထိရောက်သော အစီအစဉ်များဆောင်ရွက်ကူညီပေးကာ တက်ကြွသော အတွေးအခေါ် ရရှိစေသည်။

Founder

Co-Founder

Co-Founder

Co-Founder

Co-Founder

Co-Founder

Co-Founder

Digital Marketing