MA. TESOL ( Victoria University of Wellington, New Zealand) ,
MA. English (University of Yangon, Myanmar)
Teacher Trainer and Curriculum Developer, EFL Teacher
သူမသည် အင်္ဂလိပ်ဘာသာစကား သင်ကြားမှု အတွေ့အကြုံ ၁၄ နှစ်ခန့် နှင့် သင်ရိုးရေးဆွဲ ခြင်း အတွေ့အကြုံ (၅) နှစ် ကျော် ခန့် ရှိပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် အချိန်ပြည့် စာသင်ကြားမှု လုပ်ခဲ့ပြီး ယခု လက်ရှိတွင် ဟန်ဂေရီနိုင်ငံ ရှိ Eotovs Lorand University တွင် လည်း ပါရဂူဘွဲ့ စာတမ်း ပြုစုခြင်း ၊ သင်ရိုးများ ပြုစုခြင်း၊ အဆိုပါ တက္ကသိုလ်ရှိ ကျောင်းသားများ အား သင်ကြားခြင်း (teaching) နှင့် စစ်ဆေးအကဲဖြတ်ခြင်း (doing assessment) ပြုလုပ်ခဲ့သည်။
လက်တလောတွင် သူမသည် Digital Curriculum Designer (Instructional Designer) အဖြစ် နှင့် EFL teacher and teacher trainer အဖြစ် Local and International Project များ ဦးဆောင်လုပ်ကိုင် နေသည်။
သူမသည်
နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသော ကျောင်းသူ၊ ကျောင်းသား များ ၊ မဟာဘွဲ့ နှင့် ပါရဂူ ဘွဲ့ ကို တက်ရောက်လို သူများ အတွက် ဘာသာရပ်ဆိုင်ရာ ရွေးချယ်မှု၊
Research plan အတွက် ဆွေးနွေးအကြံပေးမှု၊
ဆရာ/မ များ အတွက် အတန်းတွင်း နှင့် ပြင်ပ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် လိုအပ်သော ဆွေးနွေးမှု၊
ဘာသာစကား လေ့လာမှု အတွက် အကြံပေး ဆွေးနွေးမှု များ နှင့် မိမိ ကျောင်း အဖွဲ့အစည်း အတွက် ပညာရေး ဆိုင်ရာ ဖွံ့ဖြိုးမှု နှင့် နှီးနွယ်သော ဆွေးနွေးမှုများ လုပ်ဆောင် ပေး လျက်ရှိသည်။