Bachelor of Arts in English Literature,
Diploma in International Relations,
Diploma in Development Studies, CPPC certified Coach.
မသိမ့်သည် အင်္ဂလိပ်စာဘာသာအထူးပြုဖြင့်ကျောင်းပြီးခဲ့ပြီး သူမ၏သက်မွေးဝမ်းကျောင်းလုပ်ငန်းကို သင်တန်းပေးသူအဖြစ် INGO အဖွဲ့အစည်းတခုတွင် ၂၀၁၅ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပါသည်။
Senior Project Officer, Network Facilitator, Training Specialist, People and Culture Lead, Senior Learning and Development Specialist အဖြစ် နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများတွင် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံချက်များနှင့် Micro- Enterprise လုပ်ငန်းများ စနစ်တကျတိုးတက်လာစေရန် ကူညီပံ့ပိုးပေးခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို အဓိကထားလုပ်ဆောင်ခဲ့ပါသည်။ ယခုလက်ရှိတွင် လုပ်ကွက်ငယ်တောင်သူများအတွက် စိုက်ပျိုးရေးအသိပညာနှင့် ဇီဝထုတ်ကုန်များဖြန့်ဖြုးပေးသော လူမှုအကျိုးပြုစီးပွားလုပ်ငန်း ( Social Enterprise) တခုတွင် Learning Engagement Manager အဖြစ် ဝန်ထမ်းများ၏ Learning & Development ပိုင်းဆိုင်ရာကို အဓိကကူညီပံပိုးပေးလျက်ရှိပါသည်။
လူမှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်များကို စိတ်ပါဝင်စားပြီး မိမိနားလည်သိရှိထားသည့်အရာများကို မျှဝေပေးခြင်း၊ အပြန်အလှန်သင်ယူလေ့လာခြင်းများကို စိတ်အားထက်သန်သည်။ ထို့ကြောင့် အခုလက်ရှိတွင် WEDU အဖွဲ့အစည်းတွင် Mentor အဖြစ် ကူညီပေးလျက်ရှိပြီး Freelance Personal Development Coach အနေနဲ့လည်း လုပ်ဆောင်လျက်ရှိပါသည်။
သူမသည်
Learning & Development ပိုင်းဆိုင်ရာ Career Pathway ကို စိတ်ဝင်စားသူများ၊
Personal Development သို့မဟုတ် လုပ်ငန်းခွင်အတွက် Soft Skills ပိုင်းဆိုင်ရာ တိုးတက်လိုသူများ အတွက် သင်နှင့်အတူ Growth Journey ကိုအတူသွားဖို့ လမ်းညွှန်ပေးနိုင်ပါသည်။