M.B., B.S , DTM & H
ဒေါက်တာ ဟိန်းမင်းကျော်သည် ၂၀၁၂ ခုနှစ်တွင် ဆေးပညာဘွဲ့ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ကုသရေးနှင့် စီမံအုပ်ချုပ်ရေးနယ်ပယ်များတွင် အတွေ့အကြုံများစွာရှိသော ဆရာဝန်တစ်ဦးဖြစ်ပါသည်။
အစိုးရနှင့် ပုဂ္ဂလိက ဆေးရုံများအပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်ကဲ့သို့သော စိန်ခေါ်မှုများပြည့်နှက်နေသည့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည့် အတွေ့အကြုံများမှတစ်ဆင့်၊ IOM တွင် စီမံချက်ညှိနှိုင်းရေးမှူး (Project Coordinator) အဖြစ် တာဝန်ထမ်းဆောင်စဉ်၌လည်း Leadership နှင့် Project Management အပိုင်းများတွင် အဓိကထား၍ လုပ်ဆောင်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်မှ အပူပိုင်းဒေသဆိုင်ရာကူးစက်ရောဂါဆေးပညာ ဘွဲ့လွန်ဒီပလိုမာ (DTM&H) ကို ဆည်းပူးလေ့လာခဲ့သည်။
လက်ရှိတွင် Chulalongkorn University, Faculty of Medicine, ထိုင်းကြက်ခြေနီ အေအိုင်ဒီအက်စ်နှင့် ကူးစက်ရောဂါသုတေသနစင်တာ၊ ဩစတြေးလျ-နယ်သာလန်-ထိုင်း HIV ပူးပေါင်းလေ့လာရေးအဖွဲ့အစည်း (HIV-NAT) တွင် သုတေသနဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ခုခံအားကျလူနာများ၊ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ၊ မျောက်ကျောက်ရောဂါ၊ အဆုတ်တီဘီ၊ ကိုဗစ်-၁၉ နှင့် အသည်းရောင်အသားဝါရောဂါများအပါအဝင် လူနာစောင့်ရှောက်ခြင်းနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
သူသည် အခြားသူများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက ဦးစားပေးကာ လမ်းညွှန်ပေးခြင်းဖြစ်သည်။ လက်တွေ့ကျသောအတွေ့အကြုံများ၊ ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုများနှင့် ကိုယ်ပိုင်တိုးတက်မှု အပေါ် အခြေခံ၍ mentee များ၏ပန်းတိုင်များကို အောင်မြင်စွာရောက်ရှိအောင် ကူညီပေးခြင်းဖြစ်သည်။ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု (Collaboration)၊ ယုံကြည်မှုနှင့် သေချာသောရည်ရွယ်ချက်များဖြင့် တည်ဆောက်သည့် Mentorship ပုံစံတစ်ရပ်ဖြစ်သည်။
သူ၏ ကျွမ်းကျင်နယ်ပယ်များမှာ