City College of New York, New York, USA
သူသည် အမေရိကန် နိုင်ငံတွင် ဗိသုကာ ဘွဲ့ရရှိခဲ့သူဖြစ်ပြီး လုပ်သက်အားဖြင့် အမေရိကန် နိုင်ငံတွင် ၁၅ နှစ်၊ မြန်မာနိုင်ငံတွင် ၁၀ နှစ်၊ စုစုပေါင်း လုပ်သက် ၂၅ နှစ် အလုပ် အတွေ့အကြုံရှိသူဖြစ်ပါသည်။ မြန်မာနိုင်ငံ ဗိသုကာ အသင်း (Association of Myanmar Architects) တွင် ၂၀၁၇ မှ ၂၀၂၁ အထိ အမှုဆောင်ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စိမ်းလန်းမှုဆိုင်ရာ ဗိသုကာ ကော်မတီ (Green Architecture Committee) ကိုဦးဆောင်ခဲ့သူဖြစ်ပါသည်။ Star City အိမ်ရာ စီမံကိန်းတွင် ဗိသုကာ တစ်ဦး အဖြစ် ၂၀၁၅ မှ ၂၀၁၈ အထိ ဗိသုကာ ဆိုင်ရာ တာဝန်များကို ဦးဆောင်ခဲ့သူဖြစ်ပြီး STI Myanmar University တွင် ကထိက (lecturer) အဖြစ် ၂၀၂၀ မှ ၂၀၂၃ အထိ အချိန်ပိုင်း (part-time) တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိသုကာ ဒီဇိုင်း ပညာရပ်များကို သင်ကြားပို့ချခဲ့သူဖြစ်ပါသည်။
သူသည် ထိုင်းနိုင်ငံတွင် ပညာသင်ခဲ့ဖူးပြီး အမေရိကန်နိုင်ငံတွင် ပညာသင် အလုပ်လုပ်ကိုင် ပြီး အနှစ် ၂၀ နေထိုင် ခဲ့သူဖြစ်သောကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံတွင်လည်း အစိုးရ ကျောင်းတွင် ၁၀ တန်းအထိ ပညာသင်ခဲ့သူဖြစ်သောကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံတွင်လည်း ဗိသုကာ အဖြစ် ၎င်း၊ ပုဂ္ဂလိက တက္ကသိုလ် တွင် ဗိသုကာ ဆိုင်ရာ ကထိက အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သောကြောင့်လည်းကောင်း၊ ဘဝ အတွေ့အကြုံ စုံလင်ခဲ့သူဖြစ်သောကြောင့် လမ်းညွှန် ဆရာ (Mentor) တစ်ဦးအဖြစ် အရည်အချင်းပြီးပြည့်စုံသူ တစ်ဦးဖြစ်ပါသည်။ သူ၏ ခံယူချက်မှာ လူတိုင်းသည် ပြင်းပြသော ဆန္ဒရှိလျင် အောင်မြင်ရန် ခိုင်မြဲသော အုပ်မြစ်ရှိသည့်အတွက် လမ်းညွှန်မှုကောင်းလျင် ရည်မှန်းချက် ပန်းတိုင်ရောက်ရန် ခရီး တိုတောင်းပြီး အမြန် ရောက်နိုင်မည်ဖြစ်ပါသည်။
Academic/Profession: ဗိသုကာ ပညာရပ် (Architecture)၊ ဗိသုကာ ဒီဇိုင်း (Architectural design)၊ စိမ်းလန်းမှုဆိုင်ရာ ဗိသုကာ ပညာ (Green Architecture)၊ ဗိသုကာ နှင့်သက်ဆိုင်သော ဒီဇိုင်းနှင့် စီမံကိန်း ဘာသာရပ်များ (architecture & related design & planning fields)
Locality: ထိုင်းတွင် ပညာသင်လိုသူများ၊ အမေရိကန် နိုင်ငံတွင် ပညာသင် လိုသူ/ နေထိုင် အလုပ်လုပ်ကိုင် လိုသူများ၊ မြန်မာနိုင်ငံတွင် ဗိသုကာ အဖြစ် အသက်မွေးဝမ်းကျောင်း လုပ်လိုသူများ၊ နိုင်ငံခြားတွင် ဒီဇိုင်းပညာရပ်ဖြင့် ပညာသင်/ အလုပ်လုပ်လိုသူများ။
Audience: ဗိသုကာ ပညာရပ် (architecture) နှင့် ဗိသုကာ ပညာရပ် နှင့် ဆက်ဆပ်သော ဒီဇိုင်း နှင့် စီမံကိန်း (architecture & related design & planning) ဘာသာရပ်များ [ ဥပမာ အဆောက်အဦအတွင်းပိုင်း ဒီဇိုင်း (interior design)၊ မြေယာရှုခင်း ဒီဇိုင်း (landscape design) စသည် ] ကို စိတ်ဝင်စားသူများ နှင့် ထိုပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်း လိုသူများ ကို လမ်းပြညွှန်ကြားပေးနိုင်ပါသည်။