Bachelor or Architecture (WYTU),
Master of Urban Design (The University of Hong Kong)
သူမသည် ဗိသုကာ မေဂျာ/ မြို့ပြဒီဇိုင်း မေဂျာများအပေါ် အခြေခံ၍ မြို့ပြစီမံကိန်း လုပ်ငန်းများတွင် Design Engineer/ Coordinator အနေဖြင့် နည်းပညာပိုင်းဆိုင်ရာများတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၄ နှစ် လုပ်ကိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် MRT စီမံကိန်း အပါအဝင် မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ Infrastructure စီမံကိန်းများ ရေးဆွဲခြင်းတို့အပြင် မြို့ပြနှင့်ပတ်သတ်သော သုတေသန လုပ်ငန်းများ တွင်လည်း ပါဝင်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်မှ စ၍ စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် Project Manager အဖြစ် လုပ်ကိုင်နေပါသည်။ အထူးသဖြင့် Residential အမျိုးအစား လုံးချင်းအိမ်များကို ဦးစီးလျက်ရှိပါသည်။
သူမသည်
မြို့ပြတည်ဆောက်ရေး လုပ်ငန်း စိတ်ဝင်စားသူများ
စင်ကာပူ ဆောက်လုပ်ရေး လုပ်ငန်းခွင်များအကြောင်း သိလိုသူများ
ဗိသုကာ ဘာသာရပ်ကို စိတ်ဝင်စားသူများ အား Career Growth လမ်းကြောင်းများကို လမ်းညွှန်ပြပေးနိုင်ပါသည်။